Sugar Plum & Berries

By @nomyntarcea
Sugar Plum & Berries

Inspired by: Wang Yibo Xiao Zhan

Chapter 1

​ေနရာအသစ္​ | ​နေရာအသစ်​

Sugar Plum & Berries

(မရင္​းႏွီး​ေသာ ​ေနရာသစ္​)

တဖ်စ္​ဖ်စ္​ျမည္​လ်က္​ ​​ေလာင္​ကြၽမ္​း​​ေန​ေသာ မီး​လင္​းဖို ​ေဘးတြင္​ ​ေ႐ွာင္​းက်န္​႔ထိုင္​​ေနမိသည္​။

အနီ​ေရာင္​လက္​႐ွည္​ သိုး​ေမႊးအကၤ်ီက ​ေ႐ွာင္​းက်န္​႔ကို လံု​ေလာက္​​​ေသာ ​ေႏြး​ေထြးမႈမ​ေပးႏုိင္​ပါ။

ခပ္​စိပ္​စပ္​ရက္​လုပ္​ထား​ေသာ အထည္​ျဖစ္​သည္​့တိုင္​ ​​​ေအးစိမ္​့မႈက သိုး​ေမႊးအလႊာကို ျဖတ္​သန္​းၿပီး​ေနာက္​ တ​ေစၦတစ္​​ေကာင္​ႏွယ္​ အ​ေရျပားဆီသို႔ ​ေရာက္​႐ွိ ထိ​ေတြ႔​ေန​ေလသည္​။

မီးလင္​းဖိုမွ အ​ေႏြးဓာတ္​က​ေလးသာ ​ေ႐ွာင္​းက​်န္​႔ကို မကူလွွ်င္​ သူ၏ ခႏၶာကိုယ္​တစ္​ခုလံုး ခဲမသြားပါဘူးလို႔ အာမခံရန္​ အမွန္​ပင္​ ခက္​ခဲသည္​။

​ေ႐ွာင္​းက်န္​႔ထိုင္​​ေန​ေသာ မီးလင္​းဖို အနီးတဝိုက္​ ၾကမ္​းျပင္​​ေနရာမွ လြဲ၍ က်န္​​ေသာ ​ေနရာမ်ားမွာ ​​ေအးစက္​​ေနလိမ္​့မည္​။

တံခါးမ်ားကို လံု​ေန​ေအာင္​ပိတ္​၍ ခန္​းစီးမ်ား အျပည္​့ျဖန္​႔ခ်ထား​ေသာ္​လည္​း အျပင္​ဘက္​ဆီမွလာ​ေသာ အသံမ်ားကို​ေတာ့ ​ေ႐ွာင္​းက်န္​႔ၾကား​ေနႏုိင္​​ေသးသည္​။

​ေအးစက္​​ေသာ ​ေလအ​​ေဝွ႕၌ သစ္​ကိုင္​းမ်ားအခ်င္​းခ်င္​း ပြတ္​တိုက္​​ေနသံ ၊ ​ေလညႇင္​း၏ က်ီးစားမႈအတိုင္​းလိုက္​ပါ ​ေျမာလြင္​့​ေန​ေသာ ႏွင္​းမႈန္​ငယ္​မ်ား၏ က်ဆင္​း​ေနသံ။

အျပင္​​ေလာကႀကီးတစ္​ခုလံုး ​ျဖဴစြတ္​ ​ေအးခဲ​ေနလိမ္​့မည္​ဆိုတာ ​ေ႐ွာင္​းက်န္​႔ ​ေသခ်ာသိ​ေနသည္​။

သာယာ​ေသာ ​ေခါင္​း​ေလာင္​းျမည္​သံကိုလည္း ​ေ႐ွာင္​းက်န္​႔ သတိျပဳမိျပန္​သည္​။ ​​ေအး​ေသာရာသီႏွင္​့ ေခါင္​း​ေလာင္​ျမည္​သံက ခရစၥမတ္​ကို သတိရမိ​ေစသည္​။

အနည္​းငယ္​က်ယ္​​ေသာ အခန္​းေလးထဲတြင္​ ​ေ႐ွာင္​းက်န္​႔တစ္​ဦးထဲ႐ွိ​ေနသည္​မဟုတ္​။ မ်က္​ႏွာစိမ္​းက​ေလးအခ်ိဳ႕ မီးလင္​းဖိုႏွင္​့ မလွမ္​းမကမ္​း ​ေနရာတြင္​ စုကစား​ေနၾကၿပီး ​ေပ​်ာ္​ရႊင္​စြာ ရယ္​​ေမာ​ေနၾကသည္​။

အရြယ္​​ေရာက္​ၿပီး မိန္​းမပ်ိဳအခ်ိဳ႕ကလည္​း ၾကမ္​းျပင္​​ေပၚ၌ ဝိုင္​းဖြဲ႔ထိုင္​၍ အယ္​လီဆို​ေသာ မိန္​းမပ်ိဳ၏ သတို႔သား​ေလာင္​းအ​ေၾကာင္​း ​ေဆြး​ေႏြး​ေျပာဆို​ေနၾက၏။

မီအိမ္​ဆီမွလာ​ေသာ အလင္​း​ေရာင္​က အခန္​းတစ္​ခုလံုးကို လႊမ္​းမိုးျခင္​း မျပဳႏိုင္​။ ထို႔​ေၾကာင္​့ အခ်ိဳ႕​ေနရာမ်ား၌ ​ေအးစက္​​ေမွာင္​မိုက္​​ေနသည္​။

သည္​​ေနရာကို ​ေ႐ွာင္​းက်န္​႔မသိပါ။ ဘာ​ေၾကာင္​့ ​ေရာက္​​ေနသလဲ၊ ဘယ္​လို​ေရာက္​လာသလဲ ဆိုတာကို​လည္​း မသိပါ။

ဝမ္​ရိ​ေပၚ…။

ဝမ္​ရိ​ေပၚက​ေရာဘယ္​မွာလဲ။ သူ ဝမ္​ရိ​ေပၚႏွင္​့အတူ ႐ွိ​ေနခဲ့သည္​ မဟုတ္​လား။

​ေ႐ွာင္​းက်န္​႔​ေတြးမိပါသည္​။ သို႔​ေသာ္​ တာဆီယာ​ေျပာခဲ့​ေသာ စကားမ်ားအတိုင္​း ​ေ႐ွာင္​းက်န္​႔ ​ေနာက္​ထပ္​ Reality အသစ္​တစ္​ခုဆီကို ကူး​ေျပာင္​းလာခဲ့​ေလသလား။

သူျပံဳးလိုက္​​မိသည္​။ အကယ္​၍ Reality တကယ္​ကူလားျခင္​းဆိုလွ်င္​ အသက္​မဲ့​ေန​ေသာ ​ေ႐ွာင္​းက်န္​႔ကို​ေတြ႔​ေသာ ဝမ္​ရိ​ေပၚတစ္​​ေယာက္​ ဘယ္​လိုျဖစ္​မလဲဆိုတာ။ ​ေတြးယံုႏွင္​့ ရီခ်င္​စရာပင္​။ အ​ေတာ္​​ေလးကို ကမ႓ာပ်က္​​ေန​ေလာက္​မည္​။

” ဟ..ဟ…ငါႏုိင္​သြားၿပီက​ေလး​ေတြ…”

ရင္​းႏွီး​ေန​ေသာ အသံတစ္​ခုက ​ေ႐ွာင္​းက်န္​႔၏ ခႏၶာကိုယ္​တစ္​ခုလံုးကို ပူ​ေႏြးသြား​ေစသည္​။

တာဆီယာ…။ တာဆီယာမဟုတ္​လား။

အသံထြက္​​ေပၚလာရာ က​ေလးအုပ္​စုဆီသို႔ ​ေငးၾကည္​့မိ​ေသာအခါ ​ေ႐ွာင္​းက်န္​႔​ေတြး​မိ​ေသာ တာဆီယာဆိုသူပင္​။

မ်က္​မွန္အဝိုင္​း ၊ အကၤ်ီအျပာ​ေရာင္​ႏွင္​့ တာဆီယာက ​ေ႐ွာင္​းက်န္​႔ကို ​ေငးၾကည္​့ကာ ျပံဳးျပလာ​ေလသည္​။ တာဆီယာႏွင္​့ သူ၏ ​ေတြ႕ဆံုမႈက အရမ္​းကို နီးကပ္​လြန္​းသည္​။

အ​ေစာပိုင္​းက အိပ္​မက္​ထဲတြင္​ ​ေျပာခဲ့​ေသာ စကားမ်ားကို အားနာ​၍ ​ေ႐ွာင္​းက်န္​႔ကို ​ေနာက္​ထပ္​ Reality သို႔ ​ေခၚ​ေဆာင္​လာ​ေလသလား။

ဒီတစ္​ခါ​ေတာ့ တာဆီယာကို မဆိုးဘူးဟု ​ေျပာရမည္​။

အနည္​းဆံုး​ေတာ့ ဘယ္​လို​ေရာက္​လာသလဲဆိုတာ စကား​ေျပာဖို႔ လို​ေနၿပီ။ ထို႔​ေၾကာင္​့ တာဆီယာ႐ွိရာ ဆီသို႔သြားရန္​ ​ေ႐ွာင္​းက်န္​႔ ​ေတြးရင္​း မတ္​တပ္​ထရပ္​လိုက္​​ေလသည္​။

အနည္​းငယ္​​ေသာ ​ေျခလွမ္​း​ေလးသာ စတင္​ရ​ေသးသည္​။

ဘယ္​က​ေပၚလာမွန္​းမသိ​ေသာ က​ေလးငယ္​တစ္​ဦးက ​ေ႐ွာင္​းက်န္​႔၏ အကၤ်ီစကို ​ေနာက္​မွလွမ္​းဆြဲလိုက္​​ေလ၏။

ထို႔​ေၾကာင္​့ တာဆီယာဆီ​သို႔ သြားမည္​ဆို​ေသာ အ​ေတြးက ခဏတာ ရပ္​တန္​႔သြားရသည္​။

ျပာလြင္​​ေန​ေသာမ်က္​ဆံ၊ ​​ခပ္​​ေျပ​ေျပ​ေကာက္​​ေန​ေသာ ​ေရႊ​ေရာင္​ဆံပင္​မ​်ား ၊ ဒူ​း​ေလာက္​ထိသာ႐ွည္​​ေသာ ​ေဘာင္​းဘီႏွင္​့ ​ေျခအိပ္​႐ွည္​မ်ားႏွင္​့ တြဲဝတ္​ထား​ေသာ ႐ွဴးဖိနပ္​။ ထို​ေကာင္​​ေလးက 12ႏွစ္​အရြယ္​ခန္​႔သာ႐ွိဦးမည္​့ အ​ေနာက္​တိုင္​းက​ေလးတစ္​ဦး။

​ေ႐ွာင္​းက်န္​႔၏ အကၤ်ီစကို ဆြဲရင္​း ျပံဳးၾကည္​့​ေန​ေလသည္​။

” မဲႏႈိက္​လို႔ရပါၿပီ…အားလံုးပဲ….မဲႏႈိက္​လို႔ရပါၿပီ “

စူး႐ွ​ေသာ ​ေအာ္​သံ​ေၾကာင္​့ ​ေကာင္​​ေလးဆီမွ အၾကည္​့လႊဲကာ အသံလာရာ ​ေငးၾကည္​့မိ​ေတာ့ အမ်ိဳးသမီးတစ္​ဦးက မဲခြက္​ကို ကိုင္​လ်က္​။

ထိုအမ်ိဳးသမီး၏ အသံ​ေၾကာင္​့ က​ေလးတစ္​စု​ေရာ မိန္​းမပ်ိဳတစ္​စုပါ လႈပ္​လႈပ္​႐ွား႐ွားျဖစ္​သြားၿပီး မဲႏႈိက္​ရန္​ သြားၾက​ေလသည္​။

” ​ေကာင္​​ေလး…မင္​းဘာလိုခ်င္​လို႔လဲ…”

​ေ႐ွာင္​းက်န္​႔ ​ေမး​လိုက္​​ေသာအခါ ​ေကာင္​​ေလးက သူ၏ ​ေဘာင္​းဘီအိတ္​ထဲမွ တလက္​လက္​ထ​ေတာက္​ပ​ေန​ေသာ ​ေငြ​ေရာင္​​ေသာ့​ေလးတစ္​​ေခ်ာင္​းကို ထုတ္​လိုက္​​ေလသည္​။

လက္​ကိုင္​တြင္​ ႏွင္​းပြင္​့သဏၭာန္​ပါ​ေသာ ​​ေငြ​ေရာင္​​ေသာ့က​ေလးက လွပမႈအတိ။

” အစ္​ကိုႀကီး အရာရာမွာ တိုက္​ဆိုင္​တယ္​ဆိုတာမ်ိဳးပဲ႐ွိတယ္​…ကံဆိုတာမ႐ွိဘူး.. အဲ့တာ​ေ​ၾကာင္​့ ကံ​ေကာင္းျခင္​းကံဆိုးျခင္​းလည္​းမ႐ွိဘူး…ၿပီး​ေတာ့ လိႈ႕ဝွက္​ခ်က္​​ေတြကို သိသြားရင္​ အခ်ိန္​ နဲ႔ ​ေနရာကန္​႔သတ္​ခ်က္​မ႐ွိ​ေတာ့ဘူး”

​ေကာင္​​ေလးက ​ေ႐ွာင္​းက်န္​႔ မသိ​ေသာ ဘာသာႏွင့္​့တစ္​ခုခုကို ​ေျပာၿပီး​ေနာက္​ ​ေသာ့ကိုလက္​ထဲကို အတင္​းထိုးထည့္​​ေပးၿပီး အခန္​းထဲမွ ​ေျပးထြက္​သြား​ေလသည္​။

​ေ႐ွာင္​းက်န္​႔ ​ေၾကာင္​​ေတာင္​​ေတာင္​ႏွင္​့ က်န္​ခဲ့ရသည္​။

” သူဘာ​ေျပာသြားတာလဲ ”

​မဲႏႈိက္​၍ရ​ေသာ ​ေ႐ွာင္​းက်န္​႔၏ နံပါတ္​က ၆ဂဏန္​း။ ဘယ္​လို​ေတာင္​ ကံမ​ေကာင္​း​ေသာ နံပါတ္​မ်ိဳးလဲ။

အ​ေစာပိုင္​းက ​ေကာင္​​ေလး၏ ​ေကာင္​းမႈ​ေၾကာင္​့ ​ေ႐ွာင္​းက်န္​႔ကို ​ေခၚလာပံုရ​ေသာ တာဆီယာကို ႐ွာလို႔မ​ေတြ႔​ေတာ့။ ထိုအစား မဲႏႈိက္​ၿပီး​ေသာအခါ သက္​ဆိုင္​ရာ နံပါတ္​စဥ္​ကပ္​ထား​ေသာ တံခါး​ေလးမ်ား႐ွိသည့္ ​ေလွ်ာက္​လမ္​း ဆီသို႔ ဦးတည္​လ်က္​သြား​ေနရ၏။

႐ူး​ေၾကာင္​​ေၾကာင္​ႏွင္​့။

စိတ္​ပ်က္​လက္​ပ်က္​ျဖစ္​​ေန​ေသာ ​ေ႐ွာင္​းက်န္​႔ကို ဆန္​႔က်င္​လ်က္​ မိန္​းမပ်ိဳႏွင္​့ က​ေလးမ်ားက​ေတာ့ ​ေပ်ာ္​ရႊင္​​ေနပံုရသည္​။

” ငါ​ေတာ့ ဘယ္​လိုမ်ိဳး လက္​​ေဆာင္​ရမလဲ မသိဘူး…ဝင္​သြား​ေတာ့မယ္​…ငါအရင္​ဝင္​ၿပီ…”

” ငါတို႔လည္​း ဝင္​ၾကည္​့ရမယ္​…”

​ေလွ်ာက္​လမ္​းတြင္ သက္​ဆိုင္​ရာ တံခါးကို ​ေျပးလႊား ရွာ​ေနၾက​ေသာလူမ်ားႏွင္​့ ျပည္​့ႏွက္​​ေန​ေလသည္​။

​ေ႐ွာင္​းက်န္​႔ရ​ေသာ နံပါတ္​၆ တံခါးက မလွမ္​းမကမ္​း၌ ႐ွိ​ေန​ေလသည္​။ ကြၽန္​းသားတံခါးငယ္​​ေလး႐ွိရာသို႔ ​ေ႐ွာင္​းက်န္​႔ ​ေလ်ာက္​လာခဲ့လိုက္သည္။

ျပီး​​ေနာက္​ လက္​ထဲတြင္​ ကိုင္​ထား​ေသာ ​ေသာ့က​ေလးကို သူ၏ ​ေဘာင္​းဘီ အိတ္​အတြင္​းသို႔ ထည္​့လိုက္​သည္​။

တံခါးလက္​ကိုင္​၏ ​ေအးစက္​​ေသာ အထိအ​ေတြ႔က ​ေ႐ွာင္​းက်န္​႔ကို ၾကက္​သီး တျဖန္​းျဖန္​း ထ​ေစသလို ၊ ထူးျခား​ေသာ တစ္​စံုတစ္​ရာ ျဖစ္​လာ​ေတာ့မ​ေယာင္​ ထင္​​ေနရသည္​။

ပြင္​့သြား​ေသာ တံခါး၏ ​ေနာက္​တြင္​ အလင္​း​ေရာင္​မွိန္​​ေန​ေသာ လက္​ဆြဲမီးအိမ္​​ေလးက ၾကမ္​းျပင္​​ေပၚ၌ တည္​႐ွိလ်က္​။ ​၎မီးအိမ္​​ေလး တည္​႐ွိရာ အနီးတဝိုက္​ကိုသာ ​ေတြ႔ရၿပီး က်န္​​ေသာ အပိုင္​းက အ​ေမွာင္​ထုခ်ည္​းသာ။

​ေ႐ွာင္​းက်န္​႔ မီးအိမ္​ကို ​ေကာက္​ယူလိုက္​ၿပီး​ေနာက္​ အ​ခန္းထဲသို႔ ဝင္​လိုက္​သည္​။

ဂ်ိမ္​းကနဲ ပိတ္​သြား​ေသာ တံခါး​ႏွင္​့အတူ မ​ေမွ်ာ္​လင္​့​ေသာ အရာက ​ေစာင္​့ႀကိဳ​ေန​ေတာ့မည္​။

​ေအးစက္​​ေသာ တစ္​စံုတစ္​ရာက ဝမ္​ရိ​ေပၚ၏ ​ေခါင္​းအထက္​​ေနရာမွ က်ဆင္​း​ေနသလိုပင္​။ ​ေအးစက္​​ေသာ ၊ ႏူးညံ့​ေသာ ထိ​ေတြ႔မႈ​ေလးက ဝမ္​ရိ​ေပၚကို စူးစမ္​းလိုစိတ္​ျဖစ္​​ေစသည္​။

ဘာက သူ႔ကို ထိ​ေတြ႔​ေနတာလဲ။

ပိတ္​ထား​ေသာ မ်က္​ခြံတို႔ကို ​ေျဖးညင္​းစြာ ပင္​့တင္​လိုက္​​မိ​ေလသည္​။ ထိုအခါ မွိန္​ဖ်ဖ်မီး​ေရာင္​က​ေလးကသာ သူ႔ကို ႀကိဳဆို​ေန​ေလ၏။

သူဘယ္​ကို ​ေရာက္​​ေနတာလဲ။ အိပ္​မက္​လား။

ဝမ္​ရိ​ေပၚ အမွန္​တကယ္​ ထိတ္​လန္​႔သြားသည္​။ သူဘယ္​​ေရာက္​လာတာလဲ။

မရင္​းႏွီး​ေသာ အခန္​းထဲ၌ ပရိ​ေဘာဂမ်ားအျပည္​့အစံုႏွင္​့အတူ အလင္​း​ေရာင္​ ခပ္​မွိန္​မွိန္​​ေလး႐ွိ​ေနသည္​။ နံရံ၊ ၾကမ္​းခင္​း ႏွင္​့ မ်က္​ႏွာက်က္​သာမက တစ္​ခန္​းလံုး႐ွိ အသံုးအ​ေဆာင္​ ပစၥည္​းအားလံုးမွာ စိတ္​ပ်က္​စရာ ပန္​းႏု​ေရာင္​မ်ားျဖစ္​​​ေနျခင္​းပင္​။

မိန္​းက​ေလးဆန္လိုက္​​ေလျခင္​း။

ထိုအခန္​းထဲမွ ပန္​းႏု​ေရာင္​ ထိုင္​ခံု​ေပၚ၌ ဝမ္​ရိ​ေပၚက ထိုင္​​ေနလ်က္​။ သူ၏ ​ေ႐ွ႕တြင္​ ပန္​းႏု​ေရာင္​ ​ေခတ္​​ေဟာင္​း TV တစ္​လံုး႐ွိ​ေန​ေလသည္​။

တကယ္​့ကို ႐ူးခ်င္​စရာႀကီး။ ဝမ္​ရိ​ေပၚဘယ္​​ေရာက္​​ေနတာလဲ။

ကိုကို​ေရာ။ ႏုိးလာ၍ ဝမ္​ရိ​ေပၚကို မ​ေတြ႔လွ်င္​ ကိုကို စိတ္​ပူ​ေန​ေတာ့မည္​။

( ပထမ​ေတာ့ Christmas Special ​ေရး​ေပးမလို႔ပါပဲ။ ဒါ​ေပမယ္​့ အရင္​တစ္​ပိုင္​းကတင္​မိုးရြာ ခုခ်က္​ခ်င္​း ႏွင္​းက် Christmas ထလုပ္​ရင္​ ႏုိမင္​တစ္​​ေယာက္​ ​ေၾကာင္​​ေနလားလို႔ အ​ေျပာခံရမယ္​​ေလ။ အဲ့ဒါ​ေၾကာင္​့ Winter Special အပိုင္​း​ေတြလို႔သတ္​မွတ္​လိုက္​ပါ။ အကယ္​၍ စိတ္​ဆိုးသြားရင္​ ​ေျပာပါ။ ကြၽန္​​ေတာ္​ ျပန္​ဖ်က္​​ေပးပါ့မယ္​။ Comment ​ေတြ​ေမွ်ာ္​​လင့္​​ေနပါတယ္​။)

________________________________

Sugar Plum & Berries

(မရင်​းနှီး​သော ​နေရာသစ်​)

တဖျစ်​ဖျစ်​မြည်​လျက်​ ​​လောင်​ကျွမ်​း​​နေ​သော မီး​လင်​းဖို ​ဘေးတွင်​ ​ရှောင်​းကျန်​့ထိုင်​​နေမိသည်​။

အနီ​ရောင်​လက်​ရှည်​ သိုး​မွှေးအင်္ကျီက ​ရှောင်​းကျန်​့ကို လုံ​လောက်​​​သော ​နွေး​ထွေးမှုမ​ပေးနိုင်​ပါ။

ခပ်​စိပ်​စပ်​ရက်​လုပ်​ထား​သော အထည်​ဖြစ်​သည်​့တိုင်​ ​​​အေးစိမ်​့မှုက သိုး​မွှေးအလွှာကို ဖြတ်​သန်​းပြီး​နောက်​ တ​စေၦတစ်​​ကောင်​နှယ်​ အ​ရေပြားဆီသို့ ​ရောက်​ရှိ ထိ​တွေ့​နေ​လေသည်​။

မီးလင်​းဖိုမှ အ​နွေးဓာတ်​က​လေးသာ ​ရှောင်​းက​ျန်​့ကို မကူလှျှင်​ သူ၏ ခန္ဓာကိုယ်​တစ်​ခုလုံး ခဲမသွားပါဘူးလို့ အာမခံရန်​ အမှန်​ပင်​ ခက်​ခဲသည်​။

​ရှောင်​းကျန်​့ထိုင်​​နေ​သော မီးလင်​းဖို အနီးတဝိုက်​ ကြမ်​းပြင်​​နေရာမှ လွဲ၍ ကျန်​​သော ​နေရာများမှာ ​​အေးစက်​​နေလိမ်​့မည်​။

တံခါးများကို လုံ​နေ​အောင်​ပိတ်​၍ ခန်​းစီးများ အပြည်​့ဖြန်​့ချထား​သော်​လည်​း အပြင်​ဘက်​ဆီမှလာ​သော အသံများကို​တော့ ​ရှောင်​းကျန်​့ကြား​နေနိုင်​​သေးသည်​။

​အေးစက်​​သော ​လေအ​​ဝှေ့၌ သစ်​ကိုင်​းများအချင်​းချင်​း ပွတ်​တိုက်​​နေသံ ၊ ​လေညှင်​း၏ ကျီးစားမှုအတိုင်​းလိုက်​ပါ ​မြောလွင်​့​နေ​သော နှင်​းမှုန်​ငယ်​များ၏ ကျဆင်​း​နေသံ။

အပြင်​​လောကကြီးတစ်​ခုလုံး ​ဖြူစွတ်​ ​အေးခဲ​နေလိမ်​့မည်​ဆိုတာ ​ရှောင်​းကျန်​့ ​သေချာသိ​နေသည်​။

သာယာ​သော ​ခေါင်​း​လောင်​းမြည်​သံကိုလည်း ​ရှောင်​းကျန်​့ သတိပြုမိပြန်​သည်​။ ​​အေး​သောရာသီနှင်​့ ခေါင်​း​လောင်​မြည်​သံက ခရစ္စမတ်​ကို သတိရမိ​စေသည်​။

အနည်​းငယ်​ကျယ်​​သော အခန်​းလေးထဲတွင်​ ​ရှောင်​းကျန်​့တစ်​ဦးထဲရှိ​နေသည်​မဟုတ်​။ မျက်​နှာစိမ်​းက​လေးအချို့ မီးလင်​းဖိုနှင်​့ မလှမ်​းမကမ်​း ​နေရာတွင်​ စုကစား​နေကြပြီး ​ပေ​ျာ်​ရွှင်​စွာ ရယ်​​မော​နေကြသည်​။

အရွယ်​​ရောက်​ပြီး မိန်​းမပျိုအချို့ကလည်​း ကြမ်​းပြင်​​ပေါ်၌ ဝိုင်​းဖွဲ့ထိုင်​၍ အယ်​လီဆို​သော မိန်​းမပျို၏ သတို့သား​လောင်​းအ​ကြောင်​း ​ဆွေး​နွေး​ပြောဆို​နေကြ၏။

မီအိမ်​ဆီမှလာ​သော အလင်​း​ရောင်​က အခန်​းတစ်​ခုလုံးကို လွှမ်​းမိုးခြင်​း မပြုနိုင်​။ ထို့​ကြောင်​့ အချို့​နေရာများ၌ ​အေးစက်​​မှောင်​မိုက်​​နေသည်​။

သည်​​နေရာကို ​ရှောင်​းကျန်​့မသိပါ။ ဘာ​ကြောင်​့ ​ရောက်​​နေသလဲ၊ ဘယ်​လို​ရောက်​လာသလဲ ဆိုတာကို​လည်​း မသိပါ။

ဝမ်​ရိ​ပေါ်…။

ဝမ်​ရိ​ပေါ်က​ရောဘယ်​မှာလဲ။ သူ ဝမ်​ရိ​ပေါ်နှင်​့အတူ ရှိ​နေခဲ့သည်​ မဟုတ်​လား။

​ရှောင်​းကျန်​့​တွေးမိပါသည်​။ သို့​သော်​ တာဆီယာ​ပြောခဲ့​သော စကားများအတိုင်​း ​ရှောင်​းကျန်​့ ​နောက်​ထပ်​ Reality အသစ်​တစ်​ခုဆီကို ကူး​ပြောင်​းလာခဲ့​လေသလား။

သူပြုံးလိုက်​​မိသည်​။ အကယ်​၍ Reality တကယ်​ကူလားခြင်​းဆိုလျှင်​ အသက်​မဲ့​နေ​သော ​ရှောင်​းကျန်​့ကို​တွေ့​သော ဝမ်​ရိ​ပေါ်တစ်​​ယောက်​ ဘယ်​လိုဖြစ်​မလဲဆိုတာ။ ​တွေးယုံနှင်​့ ရီချင်​စရာပင်​။ အ​တော်​​လေးကို ကမ်ဘာပျက်​​နေ​လောက်​မည်​။

” ဟ..ဟ…ငါနိုင်​သွားပြီက​လေး​တွေ…”

ရင်​းနှီး​နေ​သော အသံတစ်​ခုက ​ရှောင်​းကျန်​့၏ ခန္ဓာကိုယ်​တစ်​ခုလုံးကို ပူ​နွေးသွား​စေသည်​။

တာဆီယာ…။ တာဆီယာမဟုတ်​လား။

အသံထွက်​​ပေါ်လာရာ က​လေးအုပ်​စုဆီသို့ ​ငေးကြည်​့မိ​သောအခါ ​ရှောင်​းကျန်​့​တွေး​မိ​သော တာဆီယာဆိုသူပင်​။

မျက်​မှန်အဝိုင်​း ၊ အင်္ကျီအပြာ​ရောင်​နှင်​့ တာဆီယာက ​ရှောင်​းကျန်​့ကို ​ငေးကြည်​့ကာ ပြုံးပြလာ​လေသည်​။ တာဆီယာနှင်​့ သူ၏ ​တွေ့ဆုံမှုက အရမ်​းကို နီးကပ်​လွန်​းသည်​။

အ​စောပိုင်​းက အိပ်​မက်​ထဲတွင်​ ​ပြောခဲ့​သော စကားများကို အားနာ​၍ ​ရှောင်​းကျန်​့ကို ​နောက်​ထပ်​ Reality သို့ ​ခေါ်​ဆောင်​လာ​လေသလား။

ဒီတစ်​ခါ​တော့ တာဆီယာကို မဆိုးဘူးဟု ​ပြောရမည်​။

အနည်​းဆုံး​တော့ ဘယ်​လို​ရောက်​လာသလဲဆိုတာ စကား​ပြောဖို့ လို​နေပြီ။ ထို့​ကြောင်​့ တာဆီယာရှိရာ ဆီသို့သွားရန်​ ​ရှောင်​းကျန်​့ ​တွေးရင်​း မတ်​တပ်​ထရပ်​လိုက်​​လေသည်​။

အနည်​းငယ်​​သော ​ခြေလှမ်​း​လေးသာ စတင်​ရ​သေးသည်​။

ဘယ်​က​ပေါ်လာမှန်​းမသိ​သော က​လေးငယ်​တစ်​ဦးက ​ရှောင်​းကျန်​့၏ အင်္ကျီစကို ​နောက်​မှလှမ်​းဆွဲလိုက်​​လေ၏။

ထို့​ကြောင်​့ တာဆီယာဆီ​သို့ သွားမည်​ဆို​သော အ​တွေးက ခဏတာ ရပ်​တန်​့သွားရသည်​။

ပြာလွင်​​နေ​သောမျက်​ဆံ၊ ​​ခပ်​​ပြေ​ပြေ​ကောက်​​နေ​သော ​ရွှေ​ရောင်​ဆံပင်​မ​ျား ၊ ဒူ​း​လောက်​ထိသာရှည်​​သော ​ဘောင်​းဘီနှင်​့ ​ခြေအိပ်​ရှည်​များနှင်​့ တွဲဝတ်​ထား​သော ရှူးဖိနပ်​။ ထို​ကောင်​​လေးက 12နှစ်​အရွယ်​ခန်​့သာရှိဦးမည်​့ အ​နောက်​တိုင်​းက​လေးတစ်​ဦး။

​ရှောင်​းကျန်​့၏ အင်္ကျီစကို ဆွဲရင်​း ပြုံးကြည်​့​နေ​လေသည်​။

” မဲနှိုက်​လို့ရပါပြီ…အားလုံးပဲ….မဲနှိုက်​လို့ရပါပြီ “

စူးရှ​သော ​အော်​သံ​ကြောင်​့ ​ကောင်​​လေးဆီမှ အကြည်​့လွှဲကာ အသံလာရာ ​ငေးကြည်​့မိ​တော့ အမျိုးသမီးတစ်​ဦးက မဲခွက်​ကို ကိုင်​လျက်​။

ထိုအမျိုးသမီး၏ အသံ​ကြောင်​့ က​လေးတစ်​စု​ရော မိန်​းမပျိုတစ်​စုပါ လှုပ်​လှုပ်​ရှားရှားဖြစ်​သွားပြီး မဲနှိုက်​ရန်​ သွားကြ​လေသည်​။

” ​ကောင်​​လေး…မင်​းဘာလိုချင်​လို့လဲ…”

​ရှောင်​းကျန်​့ ​မေး​လိုက်​​သောအခါ ​ကောင်​​လေးက သူ၏ ​ဘောင်​းဘီအိတ်​ထဲမှ တလက်​လက်​ထ​တောက်​ပ​နေ​သော ​ငွေ​ရောင်​​သော့​လေးတစ်​​ချောင်​းကို ထုတ်​လိုက်​​လေသည်​။

လက်​ကိုင်​တွင်​ နှင်​းပွင်​့သဏ္ဌာန်​ပါ​သော ​​ငွေ​ရောင်​​သော့က​လေးက လှပမှုအတိ။

” အစ်​ကိုကြီး အရာရာမှာ တိုက်​ဆိုင်​တယ်​ဆိုတာမျိုးပဲရှိတယ်​…ကံဆိုတာမရှိဘူး.. အဲ့တာ​ေ​ကြာင်​့ ကံ​ကောင်းခြင်​းကံဆိုးခြင်​းလည်​းမရှိဘူး…ပြီး​တော့ လှို့ဝှက်​ချက်​​တွေကို သိသွားရင်​ အချိန်​ နဲ့ ​နေရာကန်​့သတ်​ချက်​မရှိ​တော့ဘူး”

​ကောင်​​လေးက ​ရှောင်​းကျန်​့ မသိ​သော ဘာသာနှင့်​့တစ်​ခုခုကို ​ပြောပြီး​နောက်​ ​သော့ကိုလက်​ထဲကို အတင်​းထိုးထည့်​​ပေးပြီး အခန်​းထဲမှ ​ပြေးထွက်​သွား​လေသည်​။

​ရှောင်​းကျန်​့ ​ကြောင်​​တောင်​​တောင်​နှင်​့ ကျန်​ခဲ့ရသည်​။

” သူဘာ​ပြောသွားတာလဲ ”

​မဲနှိုက်​၍ရ​သော ​ရှောင်​းကျန်​့၏ နံပါတ်​က ၆ဂဏန်​း။ ဘယ်​လို​တောင်​ ကံမ​ကောင်​း​သော နံပါတ်​မျိုးလဲ။

အ​စောပိုင်​းက ​ကောင်​​လေး၏ ​ကောင်​းမှု​ကြောင်​့ ​ရှောင်​းကျန်​့ကို ​ခေါ်လာပုံရ​သော တာဆီယာကို ရှာလို့မ​တွေ့​တော့။ ထိုအစား မဲနှိုက်​ပြီး​သောအခါ သက်​ဆိုင်​ရာ နံပါတ်​စဉ်​ကပ်​ထား​သော တံခါး​လေးများရှိသည့် ​လျှောက်​လမ်​း ဆီသို့ ဦးတည်​လျက်​သွား​နေရ၏။

ရူး​ကြောင်​​ကြောင်​နှင်​့။

စိတ်​ပျက်​လက်​ပျက်​ဖြစ်​​နေ​သော ​ရှောင်​းကျန်​့ကို ဆန်​့ကျင်​လျက်​ မိန်​းမပျိုနှင်​့ က​လေးများက​တော့ ​ပျော်​ရွှင်​​နေပုံရသည်​။

” ငါ​တော့ ဘယ်​လိုမျိုး လက်​​ဆောင်​ရမလဲ မသိဘူး…ဝင်​သွား​တော့မယ်​…ငါအရင်​ဝင်​ပြီ…”

” ငါတို့လည်​း ဝင်​ကြည်​့ရမယ်​…”

​လျှောက်​လမ်​းတွင် သက်​ဆိုင်​ရာ တံခါးကို ​ပြေးလွှား ရှာ​နေကြ​သောလူများနှင်​့ ပြည်​့နှက်​​နေ​လေသည်​။

​ရှောင်​းကျန်​့ရ​သော နံပါတ်​၆ တံခါးက မလှမ်​းမကမ်​း၌ ရှိ​နေ​လေသည်​။ ကျွန်​းသားတံခါးငယ်​​လေးရှိရာသို့ ​ရှောင်​းကျန်​့ ​လျောက်​လာခဲ့လိုက်သည်။

ပြီး​​နောက်​ လက်​ထဲတွင်​ ကိုင်​ထား​သော ​သော့က​လေးကို သူ၏ ​ဘောင်​းဘီ အိတ်​အတွင်​းသို့ ထည်​့လိုက်​သည်​။

တံခါးလက်​ကိုင်​၏ ​အေးစက်​​သော အထိအ​တွေ့က ​ရှောင်​းကျန်​့ကို ကြက်​သီး တဖြန်​းဖြန်​း ထ​စေသလို ၊ ထူးခြား​သော တစ်​စုံတစ်​ရာ ဖြစ်​လာ​တော့မ​ယောင်​ ထင်​​နေရသည်​။

ပွင်​့သွား​သော တံခါး၏ ​နောက်​တွင်​ အလင်​း​ရောင်​မှိန်​​နေ​သော လက်​ဆွဲမီးအိမ်​​လေးက ကြမ်​းပြင်​​ပေါ်၌ တည်​ရှိလျက်​။ ​၎င်းမီးအိမ်​​လေး တည်​ရှိရာ အနီးတဝိုက်​ကိုသာ ​တွေ့ရပြီး ကျန်​​သော အပိုင်​းက အ​မှောင်​ထုချည်​းသာ။

​ရှောင်​းကျန်​့ မီးအိမ်​ကို ​ကောက်​ယူလိုက်​ပြီး​နောက်​ အ​ခန်းထဲသို့ ဝင်​လိုက်​သည်​။

ဂျိမ်​းကနဲ ပိတ်​သွား​သော တံခါး​နှင်​့အတူ မ​မျှော်​လင်​့​သော အရာက ​စောင်​့ကြို​နေ​တော့မည်​။

​အေးစက်​​သော တစ်​စုံတစ်​ရာက ဝမ်​ရိ​ပေါ်၏ ​ခေါင်​းအထက်​​နေရာမှ ကျဆင်​း​နေသလိုပင်​။ ​အေးစက်​​သော ၊ နူးညံ့​သော ထိ​တွေ့မှု​လေးက ဝမ်​ရိ​ပေါ်ကို စူးစမ်​းလိုစိတ်​ဖြစ်​​စေသည်​။

ဘာက သူ့ကို ထိ​တွေ့​နေတာလဲ။

ပိတ်​ထား​သော မျက်​ခွံတို့ကို ​ဖြေးညင်​းစွာ ပင်​့တင်​လိုက်​​မိ​လေသည်​။ ထိုအခါ မှိန်​ဖျဖျမီး​ရောင်​က​လေးကသာ သူ့ကို ကြိုဆို​နေ​လေ၏။

သူဘယ်​ကို ​ရောက်​​နေတာလဲ။ အိပ်​မက်​လား။

ဝမ်​ရိ​ပေါ် အမှန်​တကယ်​ ထိတ်​လန်​့သွားသည်​။ သူဘယ်​​ရောက်​လာတာလဲ။

မရင်​းနှီး​သော အခန်​းထဲ၌ ပရိ​ဘောဂများအပြည်​့အစုံနှင်​့အတူ အလင်​း​ရောင်​ ခပ်​မှိန်​မှိန်​​လေးရှိ​နေသည်​။ နံရံ၊ ကြမ်​းခင်​း နှင်​့ မျက်​နှာကျက်​သာမက တစ်​ခန်​းလုံးရှိ အသုံးအ​ဆောင်​ ပစ္စည်​းအားလုံးမှာ စိတ်​ပျက်​စရာ ပန်​းနု​ရောင်​များဖြစ်​​​နေခြင်​းပင်​။

မိန်​းက​လေးဆန်လိုက်​​လေခြင်​း။

ထိုအခန်​းထဲမှ ပန်​းနု​ရောင်​ ထိုင်​ခုံ​ပေါ်၌ ဝမ်​ရိ​ပေါ်က ထိုင်​​နေလျက်​။ သူ၏ ​ရှေ့တွင်​ ပန်​းနု​ရောင်​ ​ခေတ်​​ဟောင်​း TV တစ်​လုံးရှိ​နေ​လေသည်​။

တကယ်​့ကို ရူးချင်​စရာကြီး။ ဝမ်​ရိ​ပေါ်ဘယ်​​ရောက်​​နေတာလဲ။

ကိုကို​ရော။ နိုးလာ၍ ဝမ်​ရိ​ပေါ်ကို မ​တွေ့လျှင်​ ကိုကို စိတ်​ပူ​နေ​တော့မည်​။

( ပထမ​တော့ Christmas Special ​ရေး​ပေးမလို့ပါပဲ။ ဒါ​ပေမယ်​့ အရင်​တစ်​ပိုင်​းကတင်​မိုးရွာ ခုချက်​ချင်​း နှင်​းကျ Christmas ထလုပ်​ရင်​ နိုမင်​တစ်​​ယောက်​ ​ကြောင်​​နေလားလို့ အ​ပြောခံရမယ်​​လေ။ အဲ့ဒါ​ကြောင်​့ Winter Special အပိုင်​း​တွေလို့သတ်​မှတ်​လိုက်​ပါ။ အကယ်​၍ စိတ်​ဆိုးသွားရင်​ ​ပြောပါ။ ကျွန်​​တော်​ ပြန်​ဖျက်​​ပေးပါ့မယ်​။Comment ​တွေ​မျှော်​​လင့်​​နေပါတယ်​။)

Comments On This Chapter

Like
Like Love Haha Wow Sad Angry
Comment 0 Comments

Similar Stories

Similar Titles